Tuesday, August 26, 2014

လွယ်ကန်ရွာဦးကျောင်း၌ တွေ့ဆုံပွဲ

သီတင်းတိုင်းသီတင်းတိုင်း၌ တွေ့ဆုံပွဲလေးမှာပါ လူကြီးလူငယ်မရွေး ဥပုသ်ရက်ကာလ အားရက်လေးမှာ တွေ့ဆုံးဆွေးနွေးပွဲ(သို့)စကားဝိုင်းပေါ့ အပတ်စဉ် လပြည့်လကွယ်နေ့မှာ ပြုလုပ်ပါတယ်။ ဦးခွန်ဉာဏ်ဟိန်း ဦးဆောင်တဲ့ ပွဲလေးပါ

လွယ်ကန် စေတီကုန်းတော်ပေါ်၌ အမှတ်တရ

ဗုဒ္ဓ၏အဆုံးအမအောက်၌ ပျော်မွေ့ကြသူ

ကျွန်တော်တို့ရဲ့ ချစ်စရာဓလေ့များနဲ့ ကျောင်းကန်ဘုရားတက်ပြီး ကကြခုန်ကြတာတော့ မဟုတ်ပါဘူး။ ဘာသာ သာသနာပွဲများ၌ ပျော်ရွှင်စရာလေးအဖြစ် အိုးစည်ဗုံမောင်းတီးပြီး ရိုးရာသိုင်းအကများနဲ့ အမျိုးဘာသာ သာသနာကို တက်ကြွစွာ ထိန်းသိမ်းရင်း သာသနာ့ဒါယကာအဖြစ် ကျွန်တော်တို့ ပအိုဝ်းတွေကလဲ အားပေး ချီးမြောက် ထောက်ပင့်မှုသည် တိုင်းတစ်ပါး ဘာသာခြားထက် မလျှော့သည်မှာ သာသနာ၏ ထွန်းလင်းတောက်ပမှုကို ကြည့်ရုံနဲ့ သိနိုင်ပါသည်။

ပင်လုံ

       မိုးကောင်း

http://pinlonthar.blogspot.com

သာသနာ

ကိုယ်တို့တောင်ပေါ်သူတောင်ပေါ်သား ပအိုဝ်းတိုင်းရင်းသားများ၏ ဘာသာသာသနာ အပေါ်ထားရှိတဲ့ သဒ္ဓါတရားတွေကတော့  တောင်ယာတွေ လုပ်ကိုင်စားရင်း တစ်မူးရှိလို့ တစ်ပဲလှူ ဒီလိုစိတ်ဓါတ်နဲ့ ယခုဆိုလျှင် သာသနာတော်အရှည်တည်တန့်လျှက် နေလိုလလိုနေထွန်းလင်းတောက်ပဆဲဖြစ်သည် ယခုဆိုလျှင်လည်း အောက်တွင်တွေ့ရသော မြင်ကွင်းသည် ကိုယ်တို့ဒေသ ကိုယ်တို့ရွာ ကိုယ်တို့ပအိုဝ်းလူမျိုးတွေရဲ့ ကျက်သရေဆောင် ဓမ္မစကြာအသင်းပင်ဖြစ်သည်။ နေ့စဉ်ရက်ဆက် မဟုတ်ပေမယ့် သီတင်းကြီးဥပုသ်ရက်နေ့ တွေမှာ အမြဲလိုလို ကျောင်းကန်ဘုရားသွားပြီ ဥပုသ်ဆောင့်၍ ဝတ်ရွတ်လေ့ရှိပါသည်။ ဒီလိုပင် နိုင်ငံတစ်ဝှမ်းလုံး ဘာသာတရား ရှေ့ရှုထားပြီး ဘာသာသိ သာသနာသိတွေ ရှိကြမည်ဆိုလျှင် ကိုယ်တို့ ဗုဒ္ဓသာသနာ တော်သည် နောင် နှစ်ပေါင်း နှစ်ထောင့်ငါးရာ မက အရှည်တည်တန့်မည်ဆိုတာ မြေကြီး လက်ခတ်မလွဲ ပင်ဖြစ်သည်။

ပင်လုံ  

     မိုးကောင်းးး

                         လွယ်ကန်ဓမ္မစကြာအသင်း

Thursday, August 14, 2014

လက္ဘက်

မြန်မာနှင့်လက်ဖက် ဖွားဖက်လို့ဆိုနိုင်ပေမယ့် တကယ့်ဒေသထွက်ရာနေရာကတော့ ရှမ်းပြည်တစ်ဝှန်းအနှံ့အပြားမှာ ရှိပါတယ်။ သည့်ပြင် တရုတ် နှင့် အခြားဒေသတွေမှာလဲ များစွာတွေ့ရပါတယ်။ ယခုပုံပါ ဒေသကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်မှာ တည်ရှိပါတယ် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက လက်ဖက်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာသည်ဆိုလျှင်လည်း မှန်ပါသည်။ သို့သော် ယ္ခုခါမှာတော့ ၎င်းလက်ဖက်လုပ်ငန်းများ ကွယ်ပျောက်စဖြစ်နေပါပြီ အကြောင်းကတော့ ကုန်ဈေးနှုန်းမညီမျှမှုတွေကြောင့်  မြန်မာတွေ ဘယ်လိုပင် စားသုံးနေကြပါစေ ဒေသခံတောင်သူတွေအတွက် မက်လောက်ဖွယ် ဈေးနှုန်းမရတော့ ကောင်းနိုးရာရာ စိုက်ပျိုးရေးလုပ်ငန်းများ ပြောင်းကုန်ကြပါပြီ မြန်မာ့ရိုးရာ အစားအစာတောင် နောင်တချိန် ပျောက်ကွယ်သွားမှာ အသေချာပင်
ထို့ကြောင့် ရွှေမြန်မာများ သတိထားထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။

ပင်လုံ