ကိုယ်တို့တောင်ပေါ်သူတောင်ပေါ်သား ပအိုဝ်းတိုင်းရင်းသားများ၏ ဘာသာသာသနာ အပေါ်ထားရှိတဲ့ သဒ္ဓါတရားတွေကတော့ တောင်ယာတွေ လုပ်ကိုင်စားရင်း တစ်မူးရှိလို့ တစ်ပဲလှူ ဒီလိုစိတ်ဓါတ်နဲ့ ယခုဆိုလျှင် သာသနာတော်အရှည်တည်တန့်လျှက် နေလိုလလိုနေထွန်းလင်းတောက်ပဆဲဖြစ်သည် ယခုဆိုလျှင်လည်း အောက်တွင်တွေ့ရသော မြင်ကွင်းသည် ကိုယ်တို့ဒေသ ကိုယ်တို့ရွာ ကိုယ်တို့ပအိုဝ်းလူမျိုးတွေရဲ့ ကျက်သရေဆောင် ဓမ္မစကြာအသင်းပင်ဖြစ်သည်။ နေ့စဉ်ရက်ဆက် မဟုတ်ပေမယ့် သီတင်းကြီးဥပုသ်ရက်နေ့ တွေမှာ အမြဲလိုလို ကျောင်းကန်ဘုရားသွားပြီ ဥပုသ်ဆောင့်၍ ဝတ်ရွတ်လေ့ရှိပါသည်။ ဒီလိုပင် နိုင်ငံတစ်ဝှမ်းလုံး ဘာသာတရား ရှေ့ရှုထားပြီး ဘာသာသိ သာသနာသိတွေ ရှိကြမည်ဆိုလျှင် ကိုယ်တို့ ဗုဒ္ဓသာသနာ တော်သည် နောင် နှစ်ပေါင်း နှစ်ထောင့်ငါးရာ မက အရှည်တည်တန့်မည်ဆိုတာ မြေကြီး လက်ခတ်မလွဲ ပင်ဖြစ်သည်။
ပင်လုံ
မိုးကောင်းးး
လွယ်ကန်ဓမ္မစကြာအသင်း
No comments:
Post a Comment