သထုံကိုအနော်ရထာ တိုက်ခိုက်အောင်မြင်၍
မနုဟာမင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်နောက်တွင် သထုံတွင်အုပ်ချုပ်သူ ကင်းမဲ့လျက်ရှိ၏။
သထုံပြည်ကြီးမှာလည်းဝါးအစည်းပြေသကဲ့သို့ရှိနေ၏။ သထုံပြည်တွင်နေထိုင်လျက်ရှိသော
ပအိုဝ်းတိုင်းရင်းသားတို့က လည်း မိမိတို့အနှစ်နှစ်အလလနေထိုင်ခဲ့သော
ထီးနန်းလည်းကျဆုံးပြီ၊ သာသနာလည်းကွယ်ပပြီ၊ အားကိုးရာမဲ့ပြီဟုဆိုလျက် သထုံပြည်မှ အုပ်စုကိုးစု
ခွဲ၍ စွန့်ခွာထွက်လာကြသည်။
အုပ်စုတစ်စုမှာ“မော်ထောဖော ” ခေါ် စာဟောဆရာကြီးကဦးဆောင်၍ ပခုက္ကူအနောက်ဘက်တွင်
နေရာသစ်အဖြစ် ပြောင်းရွှေ့နေ ထိုင်သည်ဟုဆိုလေသည်။ ယင်းတို့မှာ“ တောင်သား
”လူမျိုးများအဖြစ် ယနေ့တိုင်ထင်ရှားနေပေသည်။ ပအိုဝ်းတို့က တောင်သားလူမျိုးများ သည်
မိမိတို့နှင့်တစ်နွယ်တည်းဟုယူဆနေကြသည်။ ကျန်အုပ်စုရှစ်စုအနက် စစ်တောင်မြစ်ဝှမ်းအထက်ပိုင်းနှင့်
ရှမ်းကုန်ပြင်မြင့်သို့ရောက်ရှိ လာသောအုပ်စုမှာ သုံးစုထက်မနည်းဟုယူဆရလေသည်။
ရှမ်းပြည်တောင်ပိုင်းတွင် ယနေ့တိုင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ စာဟောဆရာ “
မော်တောဖာ ” က ညွှန်ပြသဖြင့် ရှမ်းပြည်နယ်စပ်တွင်လည်းကောင်း၊
ထိုင်းနယ်စပ်တွင်လည်းကောင်းနေထိုင်ခဲ့ကြသည်ဟုဆိုသည်။
ညောင်ရွှေမြို့၊ ဘဏ္ဍာငွေတိုက် အမတ်ထောက် ဦးငြိမ်းရေးသားသော ညောင်ရွှေနယ်သမိုင်းနှင့်
စော်ဘွားကြီးဆာစောမောင်၏ အတ္ထုပ္ပတ္တိတွင် -
“ တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိနေသည်မှာ
သထုံမနူဟာမင်းကိုအနော်ရထာမင်းစောတိုက်ခိုက် ဖျက် ဆီး စဉ်ကာလက နယ်ပယ်နီးစပ်ဖြစ်၍
လာရောက်နေထိုင်ကြသည်အစဖြစ်ကြောင်း ” ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရ၏။ ထို့ပြင်
အင်းလေးဟဲယာရွာမ ကျောင်းနီကျောင်းတိုက်ဂိုဏ်းအုပ်ဆရာတော်ကြီးဦးသောဘိတ၏ “
အင်းလေးဖောင်တော်ဦးဘုရားသမိုင်းနှင့် ရှမ်းပြည် ရာဇ၀င်အကျဉ်းချုပ် (စာမျက်နှာ ၉၅)
တွင်တောင်သူလူမျိုးတို့သည် ညောင်ရွှေမြို့နယ် အတွင်းသို့လာရောက်နေထိုင်ကြသည်မှာ
သုဝဏ္ဏဘု မ္မိသထုံ မနူဟာမင်းမြတ်ကို ပုဂံအနော်ရထား မင်းစောက တိုက်ခိုက်၍
မနူဟာဘုရင်မင်းမြတ်စစ်ရှုံးသောအခါ (တောင်သူ) တောခလာသော ကြောင့် တောင်သူလူမျိုးတို့
အနွဲ့အပြားပြန့်ပွား၍ကမ္ဗောဇတွင်နေထိုင်ကြကုန်၏။ ” ဟုဖော်ပြထားသည်ကိုတွေ့ရသေး၏။
ထို့ကြောင့် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှထွက်ခွာလာရာတွင်
ရှမ်းပြည်တောင်ပိုင်းတွင်ပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်းသိနိုင် ပေသည်။
သထုံပြည်မှ မြန်မာပြည်အထက်ပိုင်းသို့ သာသနာသက္ကရာဇ် ၁၆၀၆ ခု၊ ကောဇာသက္ကရာဇ် ၄၂၄
ခုတွင်ပြောင်းရွှေ့လာခဲ့ကြသည်။ ရှမ်းကုန်ပြင်မြင့်သို့ရောက်လာသူများအနက်
မင်းမျိုးမင်းနွယ်ဆွေတော်မျိုးတော်တို့သည် “ လွယ်စန်းရွာ ” သို့ရောက်ရှိသွားကြ၏။
အချို့ သည် ပလောင်နယ်သို့လည်းကောင်း၊ ရသေ့မျိုးတို့သည်ဟိုပုန်းမြို့နယ် “
စောင်းအွန်ရွာ ” သို့လည်းကောင်းရောက်ရှိသွားကြ၏။ စောင်းအွန် ရွာတွင်
ရသေ့တို့နေထိုင်ခဲ့သောဂူများယနေ့တိုင်ရှိနေသေး၏။
သထုံပြည်မှအတူတူထွက်ခွာလာကြသော်လည်း ရှမ်းကုန်ပြင်မြင့်သို့ရောက်သောအခါ
တစ်အုပ်စုစီနေထိုင်ခဲ့ကြသည်။ “ လွယ်စန်း” ရွာသို့ရောက်သောအခါ
မင်းမျိုးမင်းနွယ်တို့သည် လွယ်စန်း၌မြေသြဇာမကောင်းမွန်သဖြင့်
ရေကြည်ရာမြက်နုရာဒေသကို ရွှေ့ပြောင်းရှာဖွေ ကြပြန်ရာဆီဆိုင်မြို့သို့ရောက်ရှိလာကြ၏။
ဆီဆိုင်မြို့၌မြေသြဇာကောင်းမွန်သဖြင့် မင်းမျိုးမင်းနွယ်တို့အနက် ခွန်မောင်သာနှင့်
ခွန်မောင်နိုင် ဦးစီးပြီး ၎င်းဒေသတွင်အတည်တကျနေထိုင်ခဲ့ကြသည်။
သထုံပြည်ကိုသတိရစေခြင်းငှာ သထုံမြို့ ရွှေစာရံဘုရားအနီးမှယူဆောင်ခဲ့သော
မြေကိုးထမ်းနှင့် ရေကိုးထမ်းသယ်ယူလောင်းချ၍ “ သထုံလေး ” ခေါ်
ဆီဆိုင်မြို့ကိုတည်ထောင်ခဲ့ကြလေသည်။
(Shan State and Karenni
List of Chiefs and Leading Families) စာအုပ်တွင် -
“ သထုံ ” သည် အောက်မြန်မာပြည်တွင်နေထိုင်ကြသော တောင်သူလူမျိုးများက ၁၇၈၁
ခုနှစ်တွင် လာရောက်နေထိုင်ခဲ့ကြသည်။ ပြည်နယ်များမပေါ်ခင်ကပင် နေထိုင်ခဲ့ကြသည်။
သို့သော်ယခုအခါတွင်တောင်သူလူမျိုးတို့သည် လူဦးရေအားဖြင့် အတော်များနေလေပြီ။
ယခုအခါ ရှမ်းပြည်နယ်တွင် သထုံ(ဆီဆိုင်) သည် တောင်သူလူမျိုးများ၏
အခြေစိုက်နေထိုင်ရာ ဒေသဖြစ်နေလေပြီ။
သထုံကို ပထမဦးဆုံးအုပ်ချုပ်သည့် အကြီးအကဲမှာ ခွန်စမူဖြစ်သည်။ ခွန်စမူသည်
အောက်မြန်မာပြည် သထုံဇာတိဖြစ်၏။ ခွန်စမူသည် အမြော်အမြင်ရှိသူဖြစ်ပြီး တောင်သူလူမျိုးများကို
ဦးဆောင်ပြောင်းရွှေ့လာခဲ့သည်။ ၁၇၈၁ ခုနှစ်တွင်သထုံဒေသ၌ ရွာတစ်ရွာ တည်ထောင်၍
အခြေစိုက်နေထိုင်ခဲ့ကြသည်။ ခွန်စမူလက်ထက်တွင် သထုံဒေသကို
သူကိုယ်တိုင်အုပ်ချုပ်ခဲ့ပြီး သထုံအမည် (ရှမ်းသထုံ) ကို ဘိုးတော်ဘုရား၏
အမိန့်ဖြင့်ပေးခဲ့သည်။ ခွန်စမူမျိုးဆက်သည် သထုံနယ်ကို ၁၈၃၉ ခုနှစ်အထိ
အုပ်ချုပ်ခဲ့သည်။ ထို့နောက်ခွန်ကျော်လေးက ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင်
ခွန်ကျော်လေး၏ မြေးဖြစ်သူ ခွန်လောလုပ်ကြံခံရသည်။ လူသတ်သမားကို သူ၏ဦးလေးဖြစ်သူ
ခွန်မောင်ကလက်ရဖမ်းဆီးခဲ့သည် ဟုဖော်ပြထားလေသည်။
ဆီဆိုင်မြို့ဟု ယနေ့တိုင်ခေါ်ဝေါ်နေခြင်းမှာ ထိုဒေသတွင် သစ်စေးပင်ရှိ၏။ သစ်စေးပင်ကို
ပအိုဝ်းတိုင်းရင်းသားတို့က “ သီးပင် ” ဟုခေါ်သည်။ ထိုသစ်စေးပင်တွင် အပေါက်ရှိ၏။
ထိုသစ်စေးပင်၏ အပေါက်တွင် ကျောက်မျက်ရတနာတစ်လုံးကိုတွေ့၏။ ကျောက်မျက်ရတ နာကို
ပအိုဝ်းတိုင်းရင်းသားတို့က “ သိင် ” ဟုခေါ်သည်။ ထို့ကြောင့် ထိုဒေသကို “ သိသိင် ”
(သစ်စေးပင်ထဲတွင်ကျောက်မျက်ရတနာကို တွေ့သောမြို့) ဟုခေါ်၏။
သစ်စေးပင်ထဲတွင်တွေ့ရှိသော ကျောက်မျက်ရတနာကို
ဌာပနာပြီးစေတီတစ်ဆူကိုတည်ထားကိုးကွယ်ခဲ့သည်။ ထိုဒေသကို “ သိသိင် ” ဟုခေါ်တွင်ပြီး
အတည်တကျနေထိုင်ခဲ့ကြသည်။ (သ) ကို ပအိုဝ်းတိုင်းရင်းသားတို့က (စ) ဟုဖတ်၏။
ထို့ကြောင့် သိသိင် (စိစိုင်) ဟုခေါ်ရာမှ နောင်သောအခါတွင် ဆီဆိုင်ဟူ၍ ဖြစ်လာလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့က ဆီဆိုင်မြို့ကို “ သထုံပေ ” (သထုံကလေး) ဟုခေါ်ပြီး
အောက်မြန်မာပြည်တွင်ရှိသော သုဝဏ္ဏဘုမ္မိသထုံပြည်ကိုမူ “ သထုံတန် ” (သထုံကြီး) ဟု ယနေ့တိုင်ခေါ်ဝေါ်နေ
ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်အတွင်းသို့ပုဂံခေတ်လယ်လောက်တွင်
ဝင်ရောက်နေထိုင်ခဲ့ဟန်တူ၏။ ယခုအခါရှမ်း ပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။
ရှမ်းတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာနေထိုင်ဆက်ဆံခဲ့၏။ “ တမူးရလို့
တပဲလှူ၊ ဒို့ရှမ်းတောင်သူ ( ပအိုဝ်း) တူနိုင်ရိုးလား ” ဟုပင်
သံချပ်ထိုးသီဆိုခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားနှင့်
ပအိုဝ်းတိုင်းရင်းသားကိုလူမျိုးတစ်မျိုး တည်းသဖွယ် ပေါင်းစပ်၍ “ ရှမ်းပအိုဝ်း”
လူမျိုးဟုပင်ခေါ်ဝေါ်သုံးစွဲလာခဲ့ကြသည်။
ဆီဆိုင်မြို့ကိုတည်ထောင်ခြင်း
သထုံကလေးခေါ် ဆီဆိုင်မြို့ကို ပအိုဝ်းတိုင်းရင်းသားတည်ထောင်သည့်အကြောင်းနှင့်
ပတ်သက်၍၊ တစ်ခါကဆီဆိုင်မြို့စားဖြစ်ခဲ့ သော စ၀်ခွန်ကြည်၏မှတ်တမ်းမှဖော်ပြလိုပါသည်။
ရှမ်းဘာသာဖြင့် “ ဆထုံး ” ခေါ် မြန်မာဘာသာဖြင့် “ သထုံ ” မည်သောဤသထုံသည်မြန်မာပြည်တနင်္သာရီသထုံမှ
ပအိုဝ်း လူမျိုးတို့သည် အောက်မြန်မာပြည်ရှိ သထုံပြည်ပျက်စီးပြီးနောက်
လာရောက်နေထိုင်ကြသော ပထမရပ်ကွက်ဖြစ်သည်။ အောက်မြန်မာ ပြည်မှ သထုံပြည်ကိုအနော်ရထာ
မင်းစောတိုက်၍ ပျက်စီးပြီးနောက် နှစ်ပေါင်းမည်မျှကြမှလာရောက်နေထိုင်သည်ကိုကား
မှတ်တမ်းများမရှိ တော့သည်ဖြစ်၍ မသိတော့ချေ။
မြန်မာပြည် သထုံမှလာရောက်၍ ရှေးဦးစွာပအိုဝ်းတို့ နေထိုင်ကြသော ကရင်ဘာသာဖြင့် “
ဆရီဒေါ့ ” ခေါ်၊ ယခုလွိုင်ကော်မြို့မှ မြောက် ယခု သထုံ (ဆီဆိုင်မြို့)နှင့်
ဘန်းယဉ်နယ်စပ်ထိနှင့် တစ်ဘက်ချောင်းမှ အရှေ့မောက်မယ်နယ်ရှိ တထူးကြီးအနောက်ဘက်
တောင်တန်းအတွင်းရှိ ဧရိယာရပ်ကွက်သည် ထိုအခါ၌ကရင်နီနှင့် ရှမ်းတို့၏စပ်ကြားရှိ
ကရင်နှင့်ရှမ်းတို့နှစ်ဦးစလုံး လုံခြုံစွာ မနေနိုင်သောမြေ ကွက်ဖြစ်ဟန်တူလေသည်။
အဘယ်ကြောင့်ဆိုသော ရှမ်းနှင့်ကရင်တို့လုံခြုံစွာ မနေ၀ံ့သောမြေကွက်ပမာရှိသော
ရပ်ကွက်တွင် ပအိုဝ်းများ လာရောက်နေထိုင်သည့်အခါ ကျမှသာလျှင်
၎င်းလူမျိုးနှစ်မျိုးတို့သည် ခါတိုင်းထက်
တိုက်ခိုက်ကြခြင်းနည်းပါးသွားသောကြောင့်ဖြစ်၏။
ထိုအခါယွန်းရှမ်းများသည် ဤသထုံ (ဆီဆိုင်မြို့) မည်သော ဒေသတို့ကို
အုပ်စိုးလွှမ်းမိုးလျက်ရှိသည်ဖြစ်၍မြန်မာပိုင်များမဟုတ် သေးချေ။ အောက်မြန်မာပြည်သထုံသို့
မြန်မာမင်းများ ရောက်ရှိသည့်အခါတိုင်းရင်းသားဖြစ်သောလူမျိုးများအကြောင်းကို
စစ်ဆေးမေးမြန်း လျှင် မရှိတော့ကြောင်းသိရှိ၍ ယွန်းရှမ်းပိုင်ဖြစ်သော
ဤသထုံမမည်သေးသည့် ဤရပ်ကွက်သို့ လူများစေလွှတ်ခေါ်ဆောင်စေသည်။ အကြောင်းမသင့်ကြသဖြင့်
အခေါ်လွှတ်သော မင်းစေတို့အားလက်ဆောင်များပေးပြီး “ မတွေ့ဘူး ”
ဟုသာမြန်မာဘုရင်ကိုလျှောက်ကြားကြ ရန်မှာကြားပြီး လွတ်လပ်စွာနေထိုင်ခဲ့လေသည်။
ထိုသို့မြန်မာမင်းစေနှင့် တောင်သူလူကြီးများတို့ တွေ့ဆုံစကားပြောကြ၍ “ မတွေ့ဘူး ”
ဟုပြောရန် မှာကြားသော နေရာကိုယခု သထုံနယ်အတွင်း ဆီဆိုင်အရှေ့မြောက်ဘက်ရှိ “ တွေ့ပု
” ဆိုသောနေရာသည် အထင်အရှားရှိပါသည်။ ကာလရွှေ့လျောလာ၍ ၎င်းမြန်မာ အခေါ်မှ
ပအိုဝ်းအခေါ်သို့ တစ်စတစ်စသက်ပြောင်းလာခြင်းကြောင့်လည်းကောင်း “ တွေ့ဘူး ”
ဆိုသောစကားသည် “ တွေ့ပု ” ဖြစ်လာ သည်။
မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် ရောက်မှသာလျှင်မြန်မာများနှင့်
ပအိုဝ်းတို့ဆွေ့ဆုံကြသည်မှ အကျိုးအကြောင်းစိစစ်မေးမြန်းပြီးလျှင် “သထုံ” မည်သော
အမည်နာမကိုရရှိလေသည်။မြန်မာများနှင့်ပအိုဝ်းများတွေ့ဆုံကြသည်မှာ သက္ကရာဇ် ၁၁၄၃
ခုနှစ်ထက် စောဟန်တူသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာမင်းတို့ ယိုးဒယား (ထိုင်း)
ကိုချီတက်တိုက်ခိုက်သည်တွင် တစ်စတစ်စနှိမ်နင်းပြီး၊ မြန်မာပြည်နှင့် ယိုးဒယား
ပြည်သို့ သွားလာဆက်ဆံကြသည်မှ အစပြု၍တောင်သူတို့၏ အကြောင်းသည် ပေါ်လွင်လာပြီး ၁၁၄၃
ခု၊ ဘိုးတော်ဘုရားလက်ထက်ကျ ရောက်မှ “ သထုံ ” ဟုအမည်ပေး၍
ပထမဦးစွာအသိအမှတ်ပြုခံရသူသည်လည်း၊ “ ခွန်စံဦး ” အမည်ကိုခံယူလေသည်။ ခွန်မှာ “
မင်း ” ဟု အဓိပ္ပာယ်ရ၏။ ခွန်စံဦးအမည်၏အဓိပ္ပာယ်သည် ဦးဦးဖျားဖျား
သထုံမည်သောရပ်ကွက်နယ်ပယ်ကို စိုးစံမြန်းသောမင်းဟူ၍ အဓိပ္ပာယ်ပေါက် လေသည်။
ခွန်အိုးသည် ထိုအခါ၌ သီပေါဘုရင်က ခန့်အပ်သောမြို့စားရာထူးကိုရရှိပြီးဖြစ်သည်။
ခွန်အိုးသည် ၁၈၉၆ ခု၊ ဇူလိုင်လ ၂၂ ရက်နေ့ တွင် အနိစ္စရောက်၍၊ ၎င်း၏သားခွန်လောဆက်လက်၍
နယ်ကိုဖွားစားသည်။ ခွန်လောပြီးနောက် ခွန်လောညီ ခွန်စိန်းဆက်ခံဖွားစေသည်။
ခွန်စိန်းသည် စုန်းမများကိုသတ်ဖြတ်ပြီး အိန္ဒိယတိုင်းသားကုလားတို့ကို
နှိပ်စက်ညှဉ်းပန်းသည့်အတွက် မြို့စားရာထူးမှ နုတ်ပယ်ခြင်းခံ ရပြီး၊ ခွန်စိန်း၏သား၊
ခွန်ကြည်က ၁၉၂၉ ခု၊ ဇွန်လ ၁ ရက်နေ့တွင် သထုံနယ်ကို ဆက်ခံလေသည် ဟုရေးသားခဲ့ပေသည်။
စ၀်ခွန်ကြည်၏ မှတ်တမ်းအရမူ ပအိုဝ်းတိုင်းရင်းသားတို့သည်အောက်မြန်မာပြည်သထုံမှနေ၍
ရှမ်းပြည်သို့ပြောင်းရွှေ့ နေထိုင်လာခဲ့ ကြသူများဖြစ်ကြောင်းထင်ရှားလေသည်။ ထို့ကြောင့်
ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနော်ရထာမင်းစောတိုက်သဖြင့်၊ သထုံ
ပြည်ပျက်သောအခါ ရှမ်းပြည်တောင်ပိုင်းသို့ အခြေချပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး၊
သထုံကလေးခေါ် ဆီဆိုင်မြို့ကိုတည်ထောင်ခဲ့ကြသည်ဟု ယူဆရန်ရှိပေသည်။
သထုံကလေးခေါ် ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အကြီးအကဲများဆယ်နှစ်
ဆက်အုပ်ချုပ်ခဲ့ကြသည်။ သူတို့သည် ပအိုဝ်းစစ်စစ်များဖြစ်ကြ၏။ ၎င်းတို့မှာ -
(၁)
ခွန်မောင်ချုံ
(၇) ခွန်ကုံရ
(၂)
ခွန်မောင်ဖြူ
(၈) ခွန်အိုး
(၃)
ခွန်မောင်သာ
(၉) ခွန်လော
(၄)
ခွန်မောင်နိုင်
(၁၀) ခွန်စိန်း
(၅)
ခွန်မောင်ထိုင်
(၁၁) ခွန်ကြည်
(၆)
ခွန်ပထီ
(၁၂) ခွန်ပြာ တို့ဖြစ်ကြသည်။ အချို့က
ဤသို့ယူဆပြောဆိုကြသည်။
သထုံပျက်စီးသွားသောအခါ ပအိုဝ်းတိုင်းရင်းသားတို့သည် မနူဟာမင်း၏မြေးများဖြစ်ကြသည့်
ခွန်မောင်နိုင်နှင့် ခွန်မောင်သာ ညီအစ်ကိုတို့၏ဦးဆောင်မှုဖြင့်
ရှမ်းပြည်နယ်တက်လာ၏။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားများ
ရှမ်းပြည်နယ်သို့ရောက်ရှိခဲ့သည်မှ နှစ်ပေါင်း ၉၀၀ ကျော်ပေပြီ။ အစ်ကိုဖြစ်သူ
ခွန်မောင်သာသည် သက္ကရာဇ် ၄၂၀ တွင် “ လွယ်ပွတ် ” ရွာကိုတည်၏။ ခွန်မောင်သာသည်
သထုံပြည်မှ ယူလာသည့် ရေတစ်မှုတ်နှင့် ပြာတစ်ဆုပ်ကို လွယ်ပွတ်ရွာတွင်
ဌာပနာသည်ဟုဆို၏။
ဆီဆိုင်မြို့မှာအကြီးနှင့်အငယ်ရှိ၏။ ယခုဆီဆိုင်မြိ့မှာ ဆီဆိုင်ငယ်ဖြစ်၏။
ဆီဆိုင်ကြီးမှာ ယခုဆီဆိုင်မြို့၏အရှေ့ဘက် ၂ မိုင်အကွာ တွင်ရှိ၏။
ဆီဆိုင်ကြီကိုယခုအခါ “ ၀ါးတောရွာ ” ဟုခေါ်၏။ ဆီဆိုင်ငယ် “ (ယခုဆီဆိုင်မြို့)” ကို
သက္ကရာဇ် ၄၅၈ ခုတွင်တည်၏။
ဆီဆိုင်ဟုခေါ်ရခြင်းအကြောင်းမှာ -
မဏိစည်သူမင်း တိုင်းခန်းလှည့်လည်ရာတွင် ဆီဆိုင်နယ်သို့ရောက်ရာ နမ်းကပ်ရွာတွင်
စခန်းချ၏။ နမ်းကပ်ရွာတွင်ထူးဆန်းသော ကြက်ဖတစ်ကောင်ရှိ၏။ ထိုကြက်ဖတွန်လျှင်
မိုးကြီးရွာ၏။ မိုးချုန်း၏။ မိုးကြိုးပစ်၏။ လေတိုက်၏။ ကြက်ဖပိုင်ရှင်သည်
မိမိကြက်ဖမှာ ထူးဆန်းလွန်းသဖြင့် မဏိစည်သူမင်းကိုဆက်ပြီး အကျိုးအကြောင်းလျှောက်၏။
မဏိစည်သူမင်းသည် အကြောင်းစုံသိပြီးသောအခါ ထိုကြက်ဖကို ဟင်းလျာအဖြစ်စီမံရန်
ကျေးကျွန်တို့အားစေလိုက်သည်။ ကြက်ဖ ၏ခြေထောက်မှ အတက်ကိုမူသိမ်းထားစေ၏။
ကျေးကျွန်တို့သည် ကြက်ဖကိုသတ်ပြီးသောအခါ မဏိစည်သူမင်းသည် ကျေးကျွန်တို့ကြက်ဖ
သတ်သည့်နေရာကို သွားကြည့်တော်မူ၏။ ထိုနေရာသို့ရောက်သောအခါ ကြက်မွှေးနုတ်ရာတွင်
ဆွတ်သည့်ရေနွေးရှိနေသေးသည်။ မဏိစည်သူမင်းသည် ထိုရေနွေကို မြေပေါ်သို့သွန်လိုက်ပြီး
“ ငါသွန်လိုက်သောရေပူသည် ရေပူသာပြန်ထွက်စေ ” ဟု အဓိဌာန်ပြု၏။ ထို့ကြောင့်
ထိုနေရာတွင်ယနေ့တိုင် ရေပူစမ်းရှိနေခြင်းဖြစ်သည်ဟုဆိုစမှတ်ပြုကြသည်။
မဏိစည်သူမင်းသည် ကျေးကျွန်တို့ချက်ပြုတ်ပေးသည့် ကြက်သားဟင်းလျာကို ရေပူစမ်းနှင့်
တစ်မိုင်ခန့်ဝေးသည့်နေရာတွင် ပွဲတော်တည်ရာ ဟင်းခတ်ရာ၌ ဟင်းဖိတ်သွား၏။ ထိုနေရာကို
ယနေ့တိုင် “ ၀မ်ကြတ် ” ဟုခေါ်သည်။ ဟင်းဖိတ်သည့်နေရာဟု အဓိပ္ပာယ်ရ ၏။
ကျေးကျွန်တို့သည် ကြက်သားဟင်းထည့်သည့် ပန်းကန်ကိုအရှေ့တောင်ဘက်သို့
လွှင့်ပစ်လိုက်၏။ ပန်းကန်ကွဲသွားရာ ထိုနေရာကို “၀မ် တက်ရွာ” ဟုခေါ်၏။ ယခုအခါ
ရွာမရှိတော့ပေ။
မဏိစည်သူမင်းသည် နမ်းကပ်ရွာတွင် ရွှေတဂူဘုရားကိုတည်ထားတော်မူခဲ့၏။ အပြန်တွင်
ရွှေတဂူဘုရား၏အရှေ့မြောက်တွင် ထူးဆန်းသည့်ကြက်ဖ၏ ခြေထောက်ယူထားသော ကြက်အတက်ကို
ချိန်ကြည့်တော်မူသည်။ ထိုနေရာကို “ ဆန်းသိင် ” ဟုခေါ်၏။ ကြက်အ တက်ကိုချိန်ပြီးနောက်
အရှေ့မြောက်အရပ်သို့ တိုင်းခန်းလှည့်လည်လာရာ ကျောက်နှင့်တူသည့်
ကြက်ဖ၏အတက်ကိုသွေးကြည့်သည်။ ထိုနေရာကို “ဆီသိင်” ဟုခေါ်၏။။ ထို့ကြောင့်
ယခုဆီဆိုင်မြို့မှာ “ ဆီသိင် ” မှရွေ့လျောသည်ဟု သက်ကြီးရွယ်အိုများထံမှ
မှတ်သားခဲ့ရဖူးပါ သည်။
တောင်သူမှပအိုဝ်းသို့
ပအိုဝ်းတိုင်းရင်းသားတို့သည် သထုံပြည်မှနေ၍ ထွက်ခွာလာရာတွင် တောင်အရပ်မှ
မြောက်အရပ်သို့ ထွက်ခွာလာခြင်းဖြစ်၍ အခြားတိုင်းရင်းသားများက
ပအိုဝ်းတိုင်းရင်းသားတို့ကို “တောင်သူ” ပအိုဝ်းဘာသာစကားနှင့် “တောင်စု” အသံထွက်၏။
အဓိပ္ပာယ်မှာ ရိုးသားခြင်း၊ လူရိုးလူဖြောင့်၊ ရိုးသားဖြောင့်မှန်သူဟူ၍ဖြစ်သည်။ ယင်းကို
မြန်မာက “ တောင်သူ ” ဟု “ သ ” သံနှင့် အသံထွက်လိုက်သော ကြောင့် တောင်သူယာခုတ်၊
တောင်သား၊ တောင်သူဆိုသည့်အဓိပ္ပာယ်မျိုးဖြစ်လာသည်။ ပအိုဝ်းဘာသာနှင့် “ ပပေယို
တောင်စုမှတောင်စူ ” ဟုပြောလိုက်သည့်အခါ “ ဒီကောင်လေး ရိုးမှရိုး ” ဟူသော
အဓိပ္ပာယ်မျိုးဖြင့် ရှေးမြန်မာများက ပအိုဝ်းတိုင်းရင်းသားတို့ကို တောင်စူ (လူရိုး)
ရိုးသားဖြောင့်မတ်သူဟု ဆိုလိုသော်လည်း “သ” သံကြောင့်
အဓိပ္ပာယ်တစ်မျိုးဖြစ်သွားလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ပအိုဝ်းဟုခေါ်ဝေါ်ကြခြင်းမှာ
ယခုမှသာမဟုတ်ဘဲ လူမျိုးပေါ်ပေါက်လာစကတည်းက ခေါ်ဆိုခဲ့ကြဟန်တူပေသည်။
ပအိုဝ်းဘာသာဖြင့်ရေးထားသော သုဝဏ္ဏပကာသနီကျမ်းတွင် ပအိုဝ်းကို “ပအူ၊ ပအို၊ တောင်သူ ”
ဟူ၍ဖော်ပြ ထားလေသည်။
ဦးဘသန်း မြန်မာရာဇ၀င် (စာမျက်နှာ ၂၃) တွင် ဆာဂျွန်ဂျာဒင်း၏ အလိုအရ
မွန်လူမျိုးတို့ မြို့ပြတည်ထောင်ရန်အတွက် ရှိနှင့်ပြီး တောင်သူလူမျိုးတို့ကိုနှင်ထုတ်ရသည်။
သထုံမြို့ကား ယခုအခါ တောင်သူလူမျိုးတို့၏ အချက်အချာဖြစ်သည်။ သထုံရွှေစာရံဘုရားကြီးသ
မိုင်းတွင် သထုံ၌တောင်သူပအူလူမျိုး မင်းများစိုးစံကြောင်းနှင့် ဆိုသည်” ဟု
ရေးသားဖော်ပြထား၏။
မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်း ပေါင်းချုပ်တွင်ထည်း သထုံတွင်ခြင်း၏ အကြောင်းကား
ယခင်သုဝဏ္ဏဘုမ္မိပြည် ဘွဲ့အမည် မဖြစ်မီက ပြည်စောင့်နတ်၊ မြို့စောင့်နတ်ဟုရှိ၏။
တန်ခိုးဣဒ္ဓိပါတ် မကြီးကျယ်သေး၊ သာမညသာရှိသေးသည်။ နောက်၎င်းသုဝဏ္ဏ ဘုမ္မိပြည် /တည်ထောင်ဖြစ်ပွား
စည်ကားသာယာရှိပြီးမှ ရှေးကထက်သာလွန်၍ပြည်စောင့်နတ်မြို့စောင့်နတ်ဟု ပြည်သူပြည်သားမွန်လူမျိုး၊
ပအ လူမျိုးတို့ အလွန်လိုလား အားစိုက်ကြကုန်၏ ဟုဖော်ပြထားလေသည်။
သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရားကျောက်စာခေါ် မင်းနန္တသူကျောက်စာ ကြောင်းရေ
၄၃ တွင်လည်း “ ပအိုဝ်း ” ဟူသော စကားကို တွေ့ရှိရ၏။ ဦးဘသန်းမြန်မာရာဇ၀င်နှင့်၊
မွန်ရာဇ၀င်နှင့်စေတီတော်သမိုင်းပေါင်းချုပ်တွင်လည်း “ ပအူ၊ ပအို၊ တောင်သူ ” ဟူ၍
ဖော်ပြထားလေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားကို ရှေးကပင် “ ပအူ”
ဟူ၍လည်းကောင်း၊ “ ပအိုဝ် ” ဟူ၍လည်းကောင်း ခေါ်ခဲ့ကြပေ သည်။
အချို့ကလည်း တောင်သူဆိုသည်မှာ တောင်ယာလုပ်ကိုင်စားသောက်သူကို ခေါ်ကြောင်းဖြင့်လည်း
ဆိုကြပါသည်၊ ပညာရှင်များနှင့် သုတေသီများက တောင်ပေါ်တွင်နေသော
ကရင်တစ်မျိုးဖြစ်၍တောင်သူဟုခေါ်ကြောင်းဖြင့် ထင်မြင်ချက်ပေးကြသည်။ဥပမာအားဖြင့်
ကရင်နီ တို့သည် ကရင်တစ်မျိုးဖြစ်သော်လည်း“ကယား”ဟု ခေါ်သကဲ့သို့ တောင်သူမှာလည်း
တောင်ပေါ်တွင်နေသောကရင်တစ်မျိုးဖြစ်၍“တောင်သူ” ဟုခေါ်ကြောင်းဖြင့်ဆိုကြသည်။
အခြားတိုင်းရင်းသားများကလည်း ပအိုဝ်းတိုင်းရင်းသားများကို “တောင်သူ”ဟူ၍
ခေါ်ကြလေသည်။ တောင်သူအခေါ်အဝေါ်နှင့်ပတ် သက်၍ မြန်မာတို့သည် မိမိတို့ထက်တောင်ဘက်ကျသော
သထုံနယ်ကုန်းမြေမြင့် ရှမ်းပြည်ဆီသို့ တက်ခဲ့ကြရာ“တောင်လူ”ဟု ခေါ်ရာမှကာလ
ရွှေ့လျောလာသည်နှင့်အမျှ“တောင်သူ”ဟူ၍ ပြောင်းလဲလာသည်ဟုလည်း ဆိုကြပေသည်။
သုတေသနသရုပ်ပြ အဘိဓာန်ကလည်းလူမျိုးတစ်ရာ့တစ်ပါးတွင် တစ်မျိုးအပါအ၀င်ဖြစ်ကြောင်း
ဖော်ပြနေ၏။ ဇမ္ဗူတံဆိပ်ကျမ်းကလည်း
မြန်မာခုနှစ်မျိုးထဲတွင် “သက်နှင့်ရခိုင်နှိုင်းပြိုင်တောင်သူ၊
ပျူကမ်းယံလည်း”“တောင်သူ”လူမျိုးဟူ၍ တွေ့ရ၏။ထို့ကြောင့်
ပအိုဝ်းတိုင်းရင်းသားတို့ကို ပုဂံခေတ် ကပင်“ပအူဟူ၍လည်းကောင်း၊တောင်သူဟူ
၍လည်းကောင်း၊ ပအိုဝ်ဟူ၍လည်းကောင်း”ခေါ်ခဲ့ကြကြောင်း ထင်ရှားသည်။
သတင်းထောက်ချစ်လွင်၏“တို့ပြည်ထောင်စု”ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများအနက်
ပအိုဝ်းတိုင်းရင်းသားကို အမှတ်စဉ် ၂၂ တွင်“ပအိုဝ်(တောင်သူ)”ဟု ဖော်ပြထား၏။
စ၀်ခွန်ကြည်၏မှတ်တမ်းအရလည်း အောက်မြန်မာပြည် သထုံပျက်၍ ရှမ်းပြည်သို့ပြောင်း ရွှေ့လာစဉ်ကပင်“တောင်သူ”ဟု
ခေါ်ခဲ့ကြောင်း ထင်းရှား၏။ ရှေးစာဟောင်းပေဟောင်းတွင်လည်း
“တောင်သူ”ဟုသာအခေါ်များခဲ့ကြ၏။ စ၀်ခွန်ကြည်၏ ရှမ်းပြည်နယ်အမှားတော်ပုံတွင်
“တလိုင်း၊ကရင်၊ တောင်သူ၊ ရခိုင်၊ချင်း၊ကချင်အစရှိသည့် နယ်ပယ်လူမျိုးများကို ”
ဟုရေးသား ဖော်ပြထားသည်ကိုလည်းကောင်း၊ သုဝဏ္ဏသျှံသူဌေးခန်းပျို့(စာ ၅-၆)တွင်
“ကုန်သည်တရုတ်။ လယ်လုပ်မရော၊ စကြောမပြွမ်း၊ ဂျွမ်းနှင့်တောင်သူ၊လူကား
တရိုး၊ သူမြတ်မျိုးကား”ဟု တွေ့ရပြန်သေး၏။
တောင်သူမှာပအိုဝ်းတိုင်းရင်းသားကိုပင်ဆိုလိုပေသည်။
ဤသည်ကိုထောက်လျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင်
မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ်နေထိုင်ခဲ့သည်။ ယနေ့တိုင်
ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ဘာသာစကားသီးခြားရှိနေပေသည်။ ယခုအခါ တောင်သူ ဟူသော
အမည် နာမတဖြည်းဖြည်းပပျောက်ပြီး “ပအိုဝ်း”ဟူ၍ အသိများကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ၄င်းတို့အား တောင်သူဟု ခေါ်ခြင်းထက် ပအိုဝ်းဟုခေါ်ခြင်းကို
ပို၍နှစ်သက်ကြသည်။
အဘယ်ကြောင့်ဆိုသော်-
(၁) တောင်သူဟူသော် စကားမှာ
တောင်ယာလုပ်ငန်းဖြင့် အသက်မွေးသူဟု အဓိပ္ပာယ်၍ တောင်သူလယ်သမားနှင့်
တောင်သူလူမျိုးကို မရော ယှက်လိုခြင်း။
(၂) ပအိုဝ်းဘာသာစကားဖြင့်
မိမိလူမျိုးအခေါ်အဝေါ်ကို ပိုမိုနှစ်ခြိုက်စွာအသုံးပြုလိုခြင်း၊
(၃) ယခင်အချိန်က
တောင်သူလယ်သမားများသည် စာပေမတတ်၊ ဗဟုသုတခေါင်းပါးပြီး ထုံထိုင်းရိုးအသောသူဟု
အယူရှိကြသဖြင့် တောင် သူဟု ခေါ်ခြင်းကို မနှစ်လိုခြင်းတို့ဖြစ်လေသည်၊ ထို့ပြင်
ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ်ထွန်းကားစဉ်က အလုပ်အကျွေးပြုရသော လူတန်း
စားအဖြစ်သတ်မှတ်ခံရသောကြောင့် ဖြစ်လေသည်။
အထက်ပါအကြောင်းအချက်များကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည်“တောင်သူ”မှ
“ပအိုဝ်း”ဟူ၍ခေါ်ဝေါ်သုံးစွဲရန် ၁၉၄၈ ခုနှစ် တွင် ပအိုဝ်းအမျိုးသားအဖွဲ့မှ
သထုံဦးလှဖေခေါင်းဆောင်သော ပအိုဝ်းလူထု ဆန္ဒပြပွဲကို သထုံမြို့မော်ကျော့ရပ်
ရေကျော်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ကျင်းပခဲ့သည်။ ယင်းဆန္ဒပြပွဲမှ
ပအိုဝ်းတိုင်းရင်းသားတို့ကို“တောင်သူ”ဟူ၍ ခေါ်ဆိုရာမှ “ပအိုဝ်း”ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ရန်ဆုံး
ဖြတ်ခဲ့ကြသည်။ ဤဆုံးဖြတ်ချက်ကို သက်ဆိုင်ရာတို့က အသိအမှတ်ပြုခဲ့လေသည်။
လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပအိုဝ်းတိုင်းရင်းသားတို့ကို
အခြားတိုင်းရင်းသားများက တဖြည်းဖြည်းအသိများလာ၏ “ပအိုဝ်း ” ဟူ၍
သိလာကြသော်လည်း “ပအူ၊ပအို၊ပအို့၊ပအိုဝ့်၊ပအိုဝ်း”စသည်ဖြင့် အမျိုးမျိုးရေးသား ခေါ်ဝေါ်နေကြပေသည်၊
သို့ရာတွင် “ပအိုဝ်း”နှင့် “ပအိုး” အသံနှစ်မျိုး၏ကြားအသံသည် တိကျမှန်ကန်ဌာန်ကရိုဏ်း
ကျပေသည်။ တိကျမှန်ကန်သေချာသော ပအိုဝ်းအရေးအသားမှာ မရေမရာမသေမချာဖြစ်နေပေသေး၏၊
ထို့ကြောင့် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းယဉ်ကျေးမှုမြှင်းတင်ရေး အဖွဲ့က
“ပအိုဝ်း” ဟူသော ဝေါဟာရကိုသာ ရေးသားခေါ်ဝေါ်ကြရန် အသိအမှတ်ပြု၍
သဘောတူဆုံးဖြတ်ကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ကလည်း မိမိတို့အား “ပအိုဝ်း”ဟု
ခေါ်ဝေါ်ရေးသားခြင်းကိုသာ နှစ်သက်ကြလေသည်။