မြန်မာစွယ်စုံကျမ်းအတွဲ ၆၊ စာမျက်နှာ ၂၇၈ တွင် မေဂျာအင်းရစ်က ရှမ်းပြည်၊
သထုံနယ်တွင်ပအိုဝ်းတို့သည် နမ့်ခေ၊ တတောက်၊ ကွန်လုံကျဉ်စမ်းနှင့်
ခိုင်ဟူ၍လူမျိုးစုငါးစုကွဲသည်ဟုရေးသားဖော်ပြထားလေသည်။
ပအိုဝ်းတိုင်းရင်းသားအနွယ်စုတစ်ခုလုံး အဓိကပြောဆို သောစကားမှာ ကွန်လုံစကားဖြစ်သည်။
ပအိုဝ်းမျိုးနွယ်စုကိုကွန်လုံ၊ ခရိုင်း၊ တတောက်ဟူ၍မျိုးနွယ်စုကြီးသုံးစုခွဲထားသည်။
ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ဒေသနှင့်
ပင်လုံမြို့နယ်ကျန်းစန်းတောင်ဒေသတွင်နေထိုင်ကြသည်။
ကွန်လုံမျိုးနွယ်စုသည်စီးပွားရေတွင် အခြားမျိုးနွယ်စုထက်ပို မိုဖွံ့ဖြိုးကြလေသည်။
“ခရိုင်း” ခေါ် အနွယ်စုမှာ ကွန်လုံအနွယ်စုနှင့်ရောနှောနေထိုင်လျက်ရှိကြပြီး
ဒုတိယလူဦးရေအများဆုံးမျိုးနွယ်စုဖြစ်၏။ ဤမျိုးနွယ်စု သည်
တောင်ကြီးမြို့၏တောင်ဘက်နောက်ပစ်၊ ထီရီး၊ နာရီ၊ ဟမ်စု၊ ၀င်ယနှင့်ပင်လောင်းဒေသတို့တွင်အများဆုံးနေထိုင်ကြသည်။
ဤအနွယ် စုသည်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသဖြင့်
စီးပွားရေးအသင့်အတင့်ဖွံ့ဖြိုးလေသည်။
“တတောက်” အနွယ်စုမှာ ဓနု၊
တောင်ရိုးတိုင်းရင်းသားများနှင့်ရောနှောနေထိုင်ကြသည်ကိုတွေ့ရသည်။ ဤအနွယ်စုသည်
အောင်ပန်း၊ ဟဲဟိုး၊ တီကျစ်ဒေသတွင် အများဆုံးနေထိုင်ကြပြီး
ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးတွင် ၀ါသနာထုံကြလေသည်။
ဦးမင်းနိုင်ပြုစုသည့် “တို့သွေး တို့သား တိုင်းရင်းသား” စာအုပ်၊ စာမျက်နှာ ၅၅
တွင်ပအိုဝ်းလူမျိုးတို့တွင် အနွယ် ၁၀ မျိုးခန့်ရှိသည် ဟုဖော်ပြထားသော်လည်း
ကျွန်တော်လေ့လာမိသမျှတွင် ပအိုဝ်းတိုင်းရင်းသားတို့၏
မျိုးနွယ်စုများနှင့်ပျံ့နှံ့နေထိုင်ရာဒေသများကို အောက်ပါ
အတိုင်းခွဲခြားလေ့လာနိုင်ပေသည်။
အမှတ်စဉ်
|
မျိုးနွယ်စု
|
ပျံ့နှံ့နေထိုင်ရာဒေသ
|
၁
|
ပအိုဝ်းကွန်လုံ
|
ဟိုးပုံမြို့နယ်ရှိ မဲနယ်တောင်ဒေသ ပင်လုံမြို့နယ်
ကျန်းစန်းတောင်ဒေသ။
|
၂
|
ပအိုဝ်း ခရိုင်း
|
တောင်ကြီးမြို့နယ်ရှိ နောင်ပစ်၊ ထီရီး၊ နာရီ၊ ၀င်လ၊
ဟမ်စု၊ နောင်ပစ်နှင့် ပင်လောင်းဒေသ။
|
၃
|
ပအိုဝ်းတတောက်
|
ဟဲဟိုးမြို့နယ်၊ ပင်လောင်းမြို့နယ်။
|
၎
|
ပအိုဝ်းဝါးဖရဲ
|
ဟိုဝမ်၊ မိုးနဲ။
|
၅
|
ပအိုဝ်းလွယ်အိုင်း
|
ဟွေးလုံ၊ ကျောက်တန်းအနောက်ဘက် (ဟိုပုံးမြို့နယ်)။
|
၆
|
ပအိုဝ်းကျန်းစန်း
|
မိုင်းပွန်ချောင်းအရှေ့ဘက်၊ ပင်လုံအနောက်ဘက်။
|
အမှတ်စဉ်
|
မျိုးနွယ်စု
|
ပျံ့နှံ့နေထိုင်ရာဒေသ
|
၇
|
ပအိုဝ်းတယန်
|
လွယ်လုံ၊ ပင်လောင်းမြို့နယ်။
|
၈
|
ပအိုဝ်းဓနု
|
ရွာငံ၊ ရပ်စောက်မြို့နယ်။
|
၉
|
ပအိုဝ်းပန်နင်
|
အင်းယားရွာ၊ ညောင်ရွှေမြို့နယ်၊ နောင်မွန်အနောက်ဘက်။
|
၁၀
|
ပအိုဝ်း ပတောင်
|
လွိုင်ကော်အနောက်ဘက်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်။
|
၁၁
|
ပအိုဝ်းတရိုင်
|
ပင်လောင်းမြို့နယ်။
|
၁၂
|
ပအိုဝ်း တောင်ရိုး
|
ယိုးဒယားနယ်စပ်နှင့်ကရင်ပြည်နယ်ကြားဒေသ။
|
၁၃
|
ပအိုဝ်း ပထုံ
|
ကယားပြည်နယ်။
|
၁၄
|
ပအိုဝ်း တကွာ
|
မိုင်းပန်မြို့နယ်။
|
၁၅
|
ပအိုဝ်း ကွန်စံ
|
နမ့်ဟတ်၊ နမ့်ပိုဟွန်၊ ဟိုပန်မြို့နယ်။
|
ပင်းတယမြို့နယ်အနီးတွင် ငသောက်ရင်းအနွယ်စုနှင့် မိုင်းကိုင်မြို့နယ်တွင်ငွေတောင်သူ
အနွယ်ရှိသေးသည်ဟု သိရသည်။ ပင်းတယမြို့အနီးရှိ
ငသောက်ရင်းမျိုးနွယ်စုပြောဆိုသောစကားမှာ ပအိုဝ်းကြီး (ကွန်လုံ၊ ခရိုင်း၊ တတောက်)
မျိုးနွယ်စုတို့ ရုတ်တရက်နားမ လည်ပေ။ သို့သော်တစ်လုံးချင်းလေ့လာပါက
ပအိုဝ်းစကားများပင်ဖြစ်ကြောင်းသိရပေသည်။
No comments:
Post a Comment