Saturday, February 23, 2013

ဘာသာစကား



ပအိုဝ်းတိုင်းရင်းသားတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သောဘာသာစကားကိုပြောဆိုကြသည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့ဘာသာစကားတွင် ပါဠိစကားများ၊ ပေါရာဏာစကားများပါဝင်နေသည်ကိုတွေ့ရ၏။ ထို့ပြင် မြန်မာစကားနှင့်ဆင်တူအသံကွဲသောစကား များလည်းပါဝင်နေကြောင်းတွေ့ရှိပေသည်။ စကားပြောရာတွင်ဖြစ်စေ၊ စာဖတ်ရာတွင်ဖြစ်စေ “ ရ ” ကို (Ra) သံပါအောင်ပြောကြ၊ ဖတ်ကြ သည်။ ဂဏန်းအခေါ်အဝေါ်ကိုကြည့်လျှင် မြန်မာ “ တစ် ” နေရာတွင် (တ)၊ “ နှစ် ” နေရာတွင် (နီ)၊ “ သုံး ” နေရာတွင် (စုံ)၊ “ လေး ” နေရာ တွင် (လစ်)၊ “ ငါး ” နေရာတွင် (ငတ်) စသည်ဖြင့် အလေးအပေါ့လောက်သာကွာခြား၏။
                                               


ဂဏန်းအခေါ်အဝေါ်များ
ပအိုဝ်းအခေါ်အဝေါ်
မြန်မာအခေါ်အဝေါ်
၁                    တဗာ
၂                    နီဗာ
၃                    စုံဗာ
၎                    လစ်ဗာ
၅                    ငတ်ဗာ
၆                    စူဗာ
၇                    နွတ်ဗာ
၈                    စွတ်ဗာ
၉                    ကွတ်ဗာ
၁၀                  တရှီ
၁၀၀                တြာ
၁၀၀၀              တြိန်
၁၀၀၀၀            တသောင်
၁၀၀၀၀၀          တသိန်
၁၀၀၀၀၀၀        တသန်
                        တစ်
                        နှစ်
                        သုံး
                        လေး
                        ငါး
                        ခြောက်
                        ခုနစ်
                        ရှစ်
                        ကိုး
                        တစ်ဆယ်
                        တစ်ရာ
                        တစ်ထောင်
                        တစ်သောင်း
                        တစ်သိန်း
                        တစ်သန်း

            အောက်ဖော်ပြပါအခြားအခေါ်အဝေါ်များကို လေ့လာကြည့်ပါကလည်း မြန်မာဘာသာစကားနှင့်ဆင်နေကြောင်းတွေ့ရပေသည်။
ပအိုဝ်းအခေါ်
မြန်မာအခေါ်
ထီ
ဟန်အို
လို
ဖ၀ါ
သတ်သာ
တံခါ
မိုဖာ
လာ
ကွိုက်
ဝါဆုံ
နားရီ
ဗုံ
ရွေယ်
ဆေ
ယိုခါ
ထိန်သိမ်
စာက်
ပွယ်
ကျောင်
ထီး
ဟင်း
လူ
ပ၀ါ
သက်သာ
တံခါး
မိဘ
ကိုက်
ဝါးရုံ
နာရီ
ပုံး
ရည်ရွယ်
ဈေး
ယခုအခါ
ထိန်းသိမ်း
စက်
ပွဲ
ကျောင်း
                        အခြားတူညီသောစကားများလည်းရှိသည်။
            ပအိုဝ်းစကားတွင် မြန်မာပေါရာဏာနှင့် ပါဠိစကားလုံးများလည်းများစွာပါဝင်နေကြကြောင်းတွေ့ရသည်။ ပြောသောစကားများတွင် ကျေးဇူး၊ မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ ဒုက္ခ၊ သုခ၊ အနိစ္စ၊ အကျိုးအကြောင်း၊ ကံကြမ္မာ၊ ကုသိုလ် စသည့်စကားများကိုအများဆုံးထည့်သွင်းပြော ဆိုကြသည်ကိုလေ့လာတွေ့ရှိနိုင်ပေသည်။
            မြန်မာစကားများကိုလည်းပြောဆိုကြသည်ကိုတွေ့ရ၏။ ဥပမာအားဖြင့် ကန်တော့သည်၊ လှူသည်၊ ရိုသေ၊ ဘေးရန်ကင်းရှင်း၊ အစိုးရ၊ ဘာသာ၊ သာသနာ၊ အစည်းအဝေး၊ ရေနံ၊ ဆိုင်အစရှိသည့် ဝေါဟာရများပင်ဖြစ်၏။

ရုပ်သွင်ပြင်
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ပြင်တူညီကြသည်ကိုတွေ့ရသည်။ ပအိုဝ်းတိုင်းရင်းသားတို့ သည် မြေယာကို အရင်းပြု၍လုပ်အားနှင့်ပေါင်းစပ်ကာကုန်ထုတ်လုပ်သောလူမျိုးများဖြစ်ကြသည်။ နေထွက်မှနေ၀င် အလုပ်ခွင်တွင်လုပ်အား ကို အချိန်ပြည့်အသုံးပြုရသဖြင့် ကိုယ်ခန္ဓာကြီးထွားသန်မာသည်။ ကြွက်သားဖွံ့ဖြိုးသန်မာသည်။ အရပ်အမောင်းမှာ အနေတော်ရှိပြီးအမျိုး သားများမှာ ပျမ်းမျှခြင်းအားဖြင့် ၅ ပေ၊ ၂ လက်မခန့်ရှိကြသည်။ ချင်း၊ ကချင်လူမျိုးတို့နှင့်တူသယောင်ယောင်ရှိ၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ မျက်နှာကျပုံမှာလေးထောင့်ခပ်ကျကျပုံရှိ၏။ အများအားဖြင့် နှာတံပေါ်လွင်ကြသည်။ နှုတ်ခမ်းအနည်းငယ်ထူသည်။ အသားလတ်သည်။ မျက်လုံး၊ မျက်ခုံး၊ ဆံပင်နက်၍ဖြောင့်သည်။ ဆံပင်ကောင်းကြသည်။ မျက်လုံးမှာ မကျဉ်းမကျယ်အနေတော်ရှိ၏။ မျက်စိပြူးသူအလွန်နည်း၏။ မျက်ရစ်ပေါ်လွင်ပြီးမျက်စိမှာ အညိုရောင်ဖြစ်သည်။ မျက်စိအားကောင်းကြပြီး မျက်မှန်တပ်ရသူနည်းသည်။

ကျန်းမာရေး
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် ကျန်းမာရေးကောင်းကြသည်။ ကျန်းမာရေးကောင်းကြခြင်းမှာလည်း သဘာဝအခြေ အနေများ၏ စွမ်းဆောင်ဖန်တီးမှုကြောင့်ဟုဆိုနိုင်သည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အလုပ်လုပ်နိုင်သဖြင့် ပို၍ကျန်းမာကြ သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရွာများကိုတောင်ပေါ်တောင်ထပ်တွင်တည်ထားသဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် အမြဲစိမ်းလန်းစိုပြည် လျက်ရှိသော သဘာဝအခြေအနေများကို အမြဲတမ်းထိတွေ့နေရ၏။ စိမ်းလန်းသောသဘာဝအခြေအနေသည် စိတ်ချမ်းသာစေသည်။ ရွှင်လန်းစေသည်။ စိတ်ပျိုလျှင်ကိုယ်နုရသည်သာဖြစ်သည်။
            ရှမ်းပြည်နယ်ရှိ ပအိုဝ်းကျေးရွာတို့၏ ပတ်ဝန်းကျင်အခြေအနေသည် ကောင်းမွန်လှ၏။ ခြင်ကောင်ပေါက်ဖွားမှုနည်းပါးသော တောင် ပေါ်ဒေသအမြင့်တွင်ရှိခြင်း၊ မိုးရွာသွန်းပြီးချိန်တွင်ရေ၀ပ်မှုမရှိခြင်းတို့ကြောင့် ခြင်ကြောင့်ဖြစ်ပေါ်သောရောဂါတို့မှ ကင်းဝေလေသည်။ မိုးရွာ သောအခါတွင်လည်း အမှိုက်သရိုက်များသည်တောင်စောင်းအတိုင်းမျောပါသွားကြသဖြင့် ကျေးရွာသန့်ရှင်းမှုကိုအားပေးသဲ့သို့ရှိ၏။ ထို့ ကြောင့် ယင်ကောင်မှပေါက်ဖွားသောရောဂါတို့မှလည်းကင်းဝေးစေသည်။
            ခြင်ကိုက်ရာမှဖြစ်သော ငှက်ဖျားရောဂါမှာလည်း ပအိုဝ်းကျေးရွာများတွင် မရှိသလောက်နည်းပါးသည်။ သို့သော်မိုးရာသီအချိန်တွင် မြေပြန့်ဒေသသို့ဆင်း၍ လယ်ယာလုပ်ကိုင်စားသောက်သူတို့သည် ထိုဒေသမှငှက်ဖျားရရှိလာတတ်၏။ နေရပ်ဒေသသို့ပြန်ရောက်သော အခါတွင် ကိုယ်ခံအားနည်းပြီး အအေးဒဏ်ကိုမခံနိုင်သဖြင့် နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါဖြစ်တတ်ကြသည်။ ဤသို့ငှက်ဖျားရောဂါအခံ ရှိပြီး နမိုးနီးယားဖြစ်၍သေဆုံးရသူများလည်းရှိလေသည်။
            ကျေးရွာသန့်ရှင်းမှုကောင်းမွန်သဖြင့် ယင်ကောင်ပေါက်ဖွားမှုမရှိခြင်း၊ ရေနွေးကြမ်းကိုစွဲစွဲမြဲမြဲသောက်သုံးခြင်းတို့ကြောင့် ၀မ်းရောဂါ ဖြစ်ပွားမှုမရှိပေ။ ပအိုဝ်းကျေးရွာတို့တွင် ကပ်ရောဂါအဖြစ်ဆိုက်ရောက်လေ့ရှိသော ရောဂါမှာ ပလိပ်ရောဂါဖြစ်သည်။ စိုက်ခင်းဧကပေါများခြင်း အိမ်ဆောက်လုပ်ရာတွင် ကြွက်ခိုအောင်းနိုင်မည့်နေရာများမရှိအောင်တွေးဆကြံစည်မှုမရှိခြင်းတို့ကြောင့်ကြွက်ပေါများလှသည်။ ကြွက် ကြောင့်လူတို့၏ ကျန်းမာရေးကိုသာမက စိုက်ခင်းများ၊ အ၀တ်အထည်များ၊ အိမ်ထောင်ပရိဘောဂများ၊ ကိုက်ဖြတ်ခြင်းဖြင့်၊ စီးပွားရေးနိမ့်ကျမှု ကိုဖြစ်စေသဖြင့်ကြွက်သုတ်သင်ရေးကိုပြုလုပ်သင့်သည်။
            အသေအပျောက်များသောရောဂါတစ်ခုမှာ တီဘီဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်ကိုသက်ကယ်၊ ၀ါးထရံတို့ဖြင့်ဆောက် လုပ်ထားသည်ကများသည်။ လေ၀င်ပေါက်များရှိသော်လည်း ပြတင်းပေါက်များမရှိခြင်းကြောင့် လေကောင်းလေသန့်နှင့် နေရောင်ကိုမရရှိ ပေ။ အိမ်ထဲတွင် မီးလှုံရန်မီးဖိုထားသဖြင့်၊ မီးခိုများဖြင့်မွှန်လေ့ရှိသည်။ ထို့ကြောင့်တီဘီရောဂါများဖြစ်ပွားလွယ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့ ၏အိမ်ကိုပြတင်းပေါက်ဖောက်လုပ်ရန်စည်းရုံးဖို့လိုပေသည်။
            အဖြစ်များသော အခြားရောဂါများမှာ မက်ကလောင်နှင့် လည်ပင်းကြီးရောဂါတို့ဖြစ်သည်။ မက်ကလောင်မှာ အပူအားကြီးသော ကြောင့်ဖြစ်သည်။ တိုက်ဖွိုက်နှင့်ဆင်သည်။ လည်ပင်းကြီးရောဂါဖြစ်ရဖြင်းမှာသူတို့၏ စားသုံးသောဆားထဲတွင် အိုင်အိုဒင်းနည်းလွန်း၍ဖြစ် သည်။ ယခုအခါ အစိုးရက တောင်ပေါ်ဒေသသို့ဖြန့်ချိသောဆားထဲတွင် ပိုတက်ဆီယမ် အိုင်အိုဒိုက်ခေါ် ဆားတစ်မျိုးရောထည့်ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာလိမ့်မည်ဟုမျှော်လင့်ရပေသည်။
            ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် ကျန်းမာသန်စွမ်းကြ၏။ သက်ကြီးရွယ်အို အသက် ၆၀ ကျော်များပင်လျှင် ကျန်းမာ သန်စွမ်းပြီး ငါးရက်တစ်ဈေးကျင်းပသည်ဈေးသို့ တောင်တက်တောင်ဆင်းခရီးဖြင့် သွားနိုင်ကြသည်။ ဤသည်မှာ သဘာဝအခြေအနေ ကြောင့်လည်းကောင်း၊ တောင်ပေါ်ဒေသ ပထ၀ီအနေအထားကြောင့်လည်းကောင်းဖြစ်သည်။

ဆေးပညာ
            ပအိုဝ်းတိုင်းရင်းသားတို့သည် ဆေးဆရာကို “ ဆရာတစီ ” ဟုခေါ်ကြသည်။ ဆေးဆရာသည် ရွာလူထု၏ချစ်ခင်မှုနှင့် ယုံကြည်ကိုး စားခြင်းကိုခံရလေသည်။ ပအိုဝ်းတိုင်းရင်းဆေးဆရာများကိုင်ဆောင်သောဆေးမှာ မြန်မာတိုင်ရင်းဆေးဆရာများကဲ့သို့ပင်ဆေးမြစ်၊ ဆေးရွက်၊ ဆေးဥတို့ကိုအမှုန့်ကြိတ်ထားပေသည်။ “ မာရှယ် ” က ၎င်း၏စာအုပ်တွင် ပအိုဝ်းဆေးဆရာများသည် ဆေးပင်တို့၏အာနိသင်ကိုသိရှိကြ သည်မှာယုံမှားဖွယ်မရှိသော်လည်း ၎င်းအတတ်ပညာကို မည်သူ့ထံမှမည်သည့်အချိန်ကရရှိခဲ့သည်ကို သိရှိရန်ခဲယဉ်းလှသည်ဟုရေးသားဖော် ပြထားသည်ကိုတွေ့ရသည်။
            ပအိုဝ်းတိုင်းရင်းဆေးပညာသည်ရှမ်း၊ မြန်မာ၊ မွန်လူမျိုးတို့နှင့်ပေါင်းသင်းဆက်ဆံရာမှ တိုးတက်လာခဲ့သည်ဟုယူဆကြသည်။ ဤဆေးဆရာတို့သည် သိပ္ပံနည်းကျကျတက်မြောက်သည်ဟု မဆိုသာသော်လည်း ၎င်းတို့ကြောင့်အချို့သောရောဂါတို့ ပျောက်ကင်းကြ သည်ကားအမှန်ပင်ဖြစ်သည်။ အချို့သောပအိုဝ်းကျေးရွာများတွင် အယူသီးမှုများရှိကြသဖြင့် ကျန်းမာရေးတိုးတက်မှုနှောင့်နှေးရသည်။ ဥပမာ ကလေးတစ်ယောက်ဖျားနေသည့်အချိန်ကြာမြင့်ပါက မကောင်းဆိုးဝါးများဝင်ကပ်သည်ဟုယူဆပြီးအစားအသောက်ကန်တော့ပွဲတို့ဖြင့် ပူဇော် ကျွေးမွေးကြသည်။
pnln000@gmail.com

No comments:

Post a Comment