ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေ ၂၀၀၈-ခုနှစ်၊ အခန်း (၈)
နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ခေါင်းစဉ်အောက်တွင်
ပုဒ်မ-၃၆၁
၌ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော
ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာ ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် ။ ဟူ၍ လည်ကောင်း
ပုဒ်မ- ၃၆၂
၌ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့်
နတ်ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည် ။ ဟူ၍ လည်ကောင်း
ပုဒ်မ- ၃၆၃
၌ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်
၊ ဟု အထင်ရှားဆုံးပြဌာန်းထားရှိပါသဖြင့်----- ထိုဘာသာကြီးများ၏ မြန်မာနိုင်ငံ၌
လက်ရှိပကတိအခြေအနေကို လေ့လာသုံးသပ်ရန် လိုအပ်လာပါသည်။
ယင်းသို့ လေ့လာသုံးသပ်ရန် လိုအပ်လာရသော အဓိကအကြောင်းရပ်မှာ ယခု
၂၀၁၂/၂၀၁၃ ခုနှစ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်များသည်
ရခိုင်ပြည်နယ်နှင် မိတ္ထိလာခရိုင် အစရှိသော မြန်မာနိုင်ငံအလယ်ပိုင်းမှစ၍ ပဲခူးတိုင်းအတွင်းထိ
အလွန်ကြီးမားကျယ်ပြန့်သည့် ဘာသာရေးကို အခြေခံသည့်လူမျိုးရေးအဓိကရုဏ်းကြီးများနှင့်
ပဋိပက္ခကြီးများသည် အရှိန်ပြင်းစွာ တုန်လှုပ်ခြောက်ခြားဖွယ်ရာပေါ်ထွက်လာခဲ့၍ အရေးပေါ်အခြေအနေတစ်ရပ်ထုတ်ပြန်ကြေညာပြီး
တိုင်းပြည်ပြန်လည် အေးချမ်းအောင် ဆောင်ရွက်လျက်ရှိနေရခြင်းကပင်လျှင် ထိုဘာသာကြီးများ၏
လက်ရှိ အခြေအနေပေါ် ပြန်လည်လေ့လာသုံးသပ်ရန် အရေးတကြီးလိုအပ်လျှက်ရှိကြောင်းမှာထင်ရှားလျှက်ရှိပါသည်။
ထိုပဋိပက္ခကြီးများမှာ
ဘာသာရေးအသွင်ဆောင်သော ဘာသာရေးကို အခြေခံသော လူမျိုးရေး ပဋိပက္ခများဖြစ်ကြသည်ဟု နိုင်ငံတော်အစိုးရ၏
ထုတ်ပြန်ကြေညာချက်များတွင် ပါရှိနေရာ ယင်းပဋိပက္ခတို့၏ဖြစ်ဖြားခံရာ
အဓိကအချက်မှာ ဘာသာမတူသူခြင်း ပေါင်းသင်းလက်ထပ်ရာမှာ အစပြု၍ မွေးဖွားလာသူများအထိ အကျိုးသက်ရောက်လျက်ရှိကြောင်း
မြင်တွေ့ကြရပါသည်။
ထို့ကြောင့် ထိုဘာသာကြီးများ၏ အိမ်ထောင်ရေး၊ အထူးသဖြင့် ဘာသာမတူသူနှင့်
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အခန်းကဏ္ဍကို အထူးလေ့လာရန် လိုအပ်ပါသည်။
ထိုဘာသာကြီးများနှင့် မြန်မာဗုဒ္ဓဘာသာတို့နှင့် ပတ်သက်သော ဥပဒေများအပေါ်
(ကွယ်လွန်သူ) သမ္မတကြီး ဒေါက်တာဘဦး၊ (ကွယ်လွန်သူ) သမ္မတကြီး ဒေါက်တာမောင်မောင် ၊ (ကွယ်လွန်သူ)
တရားဝန်ကြီးဒေါက်တာဧမောင် ၊ (ကွယ်လွန်သူ) တရားလွှတ်တော် တရားဝန်ကြီး ဦးမေအောင်မှစ၍
များစွာသော ဥပဒေပညာရှင်တို့ ရေးသားထုတ်ဝေခဲ့သော စာအုပ်များစွာ ရှိခဲ့သည်ဖြစ်ရာ ယခုခေတ်
နောက်ဆုံး ပြည်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား)
သံအမတ်ကြီး (အငြိမ်းစား)ဖြစ် ဦးဘမော် (B.A Hons.B.L) ကိုယ်တိုင်းရေးသားထုတ်ဝေခဲ့သော -မြန်မာနိုင်ငံအိမ်ထောင်ခန်းဥပဒေများ(Marriage
Laws of Myanmar) စာအုပ် တစ်ခုတည်း နှင့်ပင် ပြည့်စုံလုံလောက်စွာ လေ့လာနိုင်ပါသည်။
စာရေးသူ၏ ထိုစာအုပ် အမှာစာ၌
“ဤစာအုပ်တွင် မြန်မာဓလေ့တိုးတမ်းဥပဒေ(အိမ်ထောင်ခန်း) ၊ အစ္စလာမ်တရားဥပဒေ(အိမ်ထောင်ခန်း)
၊ ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေ ၊ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေ(အိမ်ထောင်ခန်း)နှင့် ၁၉၉၅ခုနှင့်
ဟိန္ဒူထိမ်းမြားခြင်းဥပဒေ (အိန္ဒိယ) ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးဥပဒေ” တို့ကို
မကျဉ်းမကျယ်ပြုစု၍ ထင်းရှားသောစီရင်ထုံးများနှင့်တကွ တင်ပြထားပါသည်။
ဤကဲ့သို့ မိသားစုဥပဒေ(၄)ရပ်ကို တစ်စုတစ်စည်းတည်းပြုစုတင်ပြရခြင်း၏
အဓိကရည်ရွယ်ချက်မှာ_
“တစ်ချိန်တည်းတွင်မိမိတို့ အိမ်ထောင်ခန်းဥပဒေကို အခြားအိမ်ထောင်ခန်းဥပဒေများနှင့်
ယှဉ်တွဲလေ့လာလိုက အလွယ်တကူ ယှဉ်တွဲလေ့လာနိုင်ရန်၊ ဘာသာမတူသူများ တရားဝင် ထိမ်းမြားမှု
ပြုလုပ်လိုပါက မည်သည့်ဥပဒေအရ ဆောင်ရွက်နိုင်သည်ကို သိရှိနိုင်ရန် အခြားမိသားစုဥပဒေများနှင့်
ယှဉ်တွဲလေ့လာခြင်းဖြင့် မိမိတို့နှင့်သက်ဆိုင်ရာဥပဒေအရ အမျိုးသားနှင့် အမျိုးသမီးတို့၏
အိမ်ထောင်ရေးဆိုင်ရာ ခံစားခွင့်များသည် မည်သည့်အခြေအနေတွင်ရှိသည်တို့ကို သိရှိလေ့လာနိုင်ရန်နှင့်
မြန်မာနိုင်ငံအတွင်း အတူနေထိုင်ကြသူအချင်းချင်း နားလည်မှုနှင့် ပိုမိုရင်းနှီးမှုများဖြစ်စေရန်တို့ဖြစ်ပါသည်။”
ဟူ၍ လည်ကောင်း
မြန်မာအမျိုးသားနှင့် အမျိုးသမီးတို့သည် အခြားမိသားစုဥပဒေကိုမဆိုထားဘိ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုပင် သိရှိသူအလွန်နည်းသေးသည် ဟူ၍ လည်ကောင်း
“မိသားစုဥပဒေလေးရပ်စလုံးကို
ယှဉ်တွဲပြုစုသည့် ရည်ရွယ်ချက်များတွင် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ အတွက်စိုးရိမ်ပူပန်မှုများရှိသည့်
အကြောင်းအရင်းများလည်းပါဝင်ခဲ့ပါသည်။ ဟူ၍ လည်ကောင်း
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုမျှ မသိနားမလည်ကြသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများသည်
နိုင်ငံခြားသားများနှင့် အိမ်ထောင်ပြုကြသည့်အခါ ကျေးလက်တောရွာများတွင် မြန်မာအချင်းချင်း
ထိမ်းမြားလက်ထပ်ကြသကဲ့သို့ အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် ဖိတ်ကြားကျွေးမွေးဧည့်ခံ၍ လူသိရှင်ကြား
ထိမ်းမြား လက်ထပ်ကြသည်။
“ယင်းပြဿနာများကို တရားရုံးများက တရားစီရင်ရေးဖြင့် တတ်နိုင်သမျှ
ဖြေရှင်းခဲ့ကြရသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ သို့ရာတွင် တရားရုံးများသည် ဥပဒေဘောင်အတွင်းမှ
ပြဿနာများကိုသာ တရားစီရင်ရေးဖြင့် ဖြေရှင်းနိုင်သဖြင့် ဥပဒေ၏ အားနည်းချက်ကိုမူ ဥပဒေပြုခြင်းဖြင့်သာ
ဖြေရှင်းနိုင်ပေမည်။” ဟူ၍ ဖော်ပြထားပါသည်။
No comments:
Post a Comment