ကိုးကွယ်ရာဘာသာနှင့်
ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း)
(၁) မည်သူမဆို၊ မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာတစ်ခုခုသို့
ကူပြောင်းလိုလျှင် ထိုသို့ပြုလုပ်လိုကြောင်းကို သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ သာသနာရေး
ဦးစီးဌာနသို့ အကျိုးအကြောင်းတင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနှင့်
အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို မိတ္တူပေးပို့ရမည်။
(၂) ထိုသို့လျှောက်ထားခြင်းမှာ မည်သည့်အကြောင်းကို
အခြေခံ၍ ကူးပြောင်းလိုခြင်းဖြစ်ကြောင်းကို ဖော်ပြရမည်။
(၃) အိမ်ထောင်ရေးကိစ္စနှင့် ပတ်သက်၍ထိမ်းမြားရေးအတွက်
(သို့) ကွာရှင်းရေးအတွက် (သို့) ပစ္စည်းခွဲခြားရေးအတွက် (သို့) အမွှေဆက်ခံရေးအတွက် ဖြစ်ကြောင်း
စသည်တို့ကို မှန်ကန်စွာ ဖော်ပြရမည်။
(၄) ၎င်းအပြင် ဘာသာအယူဝါဒနှင့် ပတ်သက်၍ ယုံကြည်ချက်ပြောင်းလဲလိုခြင်းအပေါ်
အခြေခံခြင်း ဟုတ်မဟုတ်ကို ပြည့်စုံစွာဖော်ပြရမည်။
(၅) ထိုသို့လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက
လိုအပ်သလို အမှုဖွင့်စုံစမ်းရမည်။
(၆) လိုအပ်လျှင် မူလလက်ဟောင်းဘာသာရေးအဖွဲ့အစည်းနှင့်
အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့အစည်း များ၏ သဘောဆန္ဒကို ရယူနိုင်သည်။
(၇) ထိုသို့စုံစမ်းမှုကို (၆)လမှ (၁)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့်
လျှောက်ထားသူမှာ မိမိ၏ ရိုးသားစွာ ယုံကြည်မှုကြောင့်မဟုတ်ဘဲ အခြားဘာသာ သာသနာကို ၀င်ရောက်စွက်ဖက်ရန်၊
ဖျက်စီးရန်၊ ပြဿနာဖြစ်ရန် (သို့) မရိုးသားသော အကြံအစည်တစ်ခုခုဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်းပေါ်လွင်လျှင်
ထိုလျှောက်ထားချက်ကို အကြောင်းပြချက်များဖြင့် ပယ်ရမည်။
ထိုသူကိုလည်ကောင်း၊
အားပေးကူညီသူများနှင့် ပူးပေါင်းဆောင်ရွက်သူများကို လည်ကောင်း ရာဇသတ်ကြီး ဥပဒေများနှင့်
အခြားတည်ဆဲ ဥပဒေများအရ အရေးယူတရားစွဲဆိုရမည်။
(၈) ထိုလျှောက်ထားခြင်းမှာ သဘောရိုးဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း
ထင်ရှားပါက ခွင့်ပြုကြောင်း အကြောင်းပြန်ကြား ရမည်။
(၉) ထိုသို့ပြုလုပ်သည့်ကိစ္စရပ်များ၌ စာရင်းအင်းပြုလုပ်၍
မှတ်ပုံတင်ကဒ်ပြား ထားရှိရမည်ဖြစ်ပြီး ထိုလျှောက်ထားခြင်းအပေါ် စုံစမ်းစစ်ဆေးရခြင်းအတွက်
လိုအပ်သော သင်တင့်မျှတသည့် အခကြေးငွေများကိုပါ တောင်းခံရယူရမည်။
(၁၀) ထိုသို့ဘာသာအယူပြောင်လဲပြီးပါက နောက်ထပ်တဖန်ပြောင်းလဲရန်
လျှောက်ထားခြင်းကို ခွင့်မပြုရ။
(၁၁) ဤဥပဒေကို ( )ရက်နေ့တွင် ပြဌာန်းပြီး ချက်ခြင်းအာဏာတည်စေရမည်။
------
ဟူ၍ ပြဌာန်းပေးစေလိုပါကြောင်း ----------
မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ(မူကြမ်း)
(၁) ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
(အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။
(၃) ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဒဘာသာဝင် မြန်မာအမျိုးသမီးကို
လက်ထပ်ပေါင်းသင်းမည်ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူဖြစ်ရမည်။
(၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ
(သို့) အုပ်ထိန်းသူ၏ စာဖြင့်တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူရမည်။
(၅) အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို
သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ်ရမည်။
(၆) အထက်ပါ ဥပဒေပြဌာန်းချက်များအတိုင်း မလိုက်နာပဲမြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို
လက်ထပ်ခြင်း ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင်
ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအားပေးရမည်။
(၇) ၎င်းအပြင် ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ
ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်သာ သီးခြားအရေးယူအပြစ်ပေးရမည်။
(၈) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများနှင့်
အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအသစ်ရေးဆွဲ ပြဌာန်းပြီးသည်အထိ
ရုပ်သိမ်းထားရမည်။
(၉) ဤအရေးပေါ်ဥပဒေကို ( ) ပြဌာန်းအတည်ပြုပြီး ချက်ချင်းအာဏာတည်စေရမည်။
----- ဟူ၍ဖြစ်ပါသည်။ ----
ယခုကဲ့သို့ အရေးပေါ်ဥပဒေကို ပြဌာန်းသည့်အခါတွင် လူ့အခွင့်အရေးကိစ္စကို
အကြောင်းပြ၍ ကန့်ကွက်ရန် အကြောင်းအရာများရှိနိုင်ပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြပါသည်။
(၁) လူ့အခွင့်အရေးကြေညာစာတမ်းမှာ နိုင်ငံတကာမှ လိုက်နာကျင့်သုံးရန်
ထုတ်ပြန်သော ကြေညာချက်မျှသာ ဖြစ်ပါသည်။
(၂) ယေဘူယျအသွင်ဆောင်သောအချက်များသာဖြစ်ပါသည်။ အသေးစိတ်သတ်မှတ်မျိုး
မဟုတ်ပါ။
(၃) ထိုကြေညာစာတမ်းသည် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်မှုကိုလွှမ်းမိုးခြင်းရုတ်သိမ်းခြင်းမရှိပါ။
(၄) ယခုအထက်တင်ပြထားသော အရေးပေါ်ဥပဒေမှာ ကျား/မ ချင်း
လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်းကို ပိတ်ပင်မှုမျိုးမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို
လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ်သော ပြဌာန်းချက်သာဖြစ်ပါသည်။
(၅) အထက်တွင်ဖော်ပြထားသည့် အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်
ခရစ်ယာန်ဘာသာဝင် ဥပဒေများတွင်လည်း ယခုကဲ့သို့ (သို့) ယခုထက်ပို၍ တင်းကျပ်သော ကန့်သတ်ပြဌာန်းချက်များရှိပါက
ထိုဥပဒေများရှိ ကန်သတ်ပြဌာန်းချက်များကိုမူ လူ့အခွင့်အရေးအရမကိုက်ညီပါဟု ဆန့်ကျင်ပြောဆိုခြင်း၊
ကန့်ကွက်ခြင်းမျိုး ယနေ့အထိ မရှိနိုင်ပါ။
(၆) ယင်းသို့ ကန့်ကွက်မည်ဆိုပါက အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်
ခရစ်ယာန်ဘာသာ၊ နိုင်ငံခြားဘာသာ များကိုကိုးကွယ်သည့် ဘာသာများ၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ရာ
ရောက်မည်ဖြစ်ပါသည်။http://pinlonthar.blogspot.com
No comments:
Post a Comment